Using VLOOKUP function in Staff Payroll

မိမိသတ်မှတ်ပေးထားတဲ့ select ဧရိယာတစ်ခုအတွင်းရှိ ပထမ column မှာ
ကိုယ်ရှာချင်တဲ့ Text, Number စသည့်ကို ရှာပြီး အခြား
column က(ပထမ column မှာရှာလို့တွေ့တဲ့ cell ကွက်နဲ့ row အတူတူမှာ ရှိတဲ့) data ကို ရယူဖော်ပြလိုတဲ့အခါ VLOOKUP function ကို သုံးလို့ ရပါတယ်။

ဥပမာ။ ။ Employee list ဆိုပြီး ၀န်ထမ်း နာမည်စာရင်း ရှိမယ်။ အဲဒီ နာမည်စာရင်းမှာ Employee ID, Employee Name, Address, City, State, Email, Phone, Position, Grade, Salary Scale ပါတယ် ဆိုပါတော့။

အခြားစာရင်း တစ်ခု အနေနဲ့ လတိုင်းစာရင်းသွင်းနေရမယ် Staff Payroll ၀န်ထမ်း လစာ စာရင်းရှိမယ်။ Staff Payroll စာရင်းမှာလည်း တစ်ခါ Employee ID, Employee Name, Position, Grade, Salary Scale တွေ ပြန်ထည့်ဖို့ လိုလာပါတယ်။

ဒီနေရာမှာ VLOOKUP (သို့) INDEX and MATCH function ကို မသုံးတတ်ဘူးဆိုရင် Employee List စာရင်းကို သွားကြည့်လိုက် Staff Payroll စားရင်းမှာ ရိုက်ထည့်လိုက်နဲ့ အချိန်ကုန်၊ လူပန်းဖြစ်နေမှာပါ။

VLOOKUP function ကို သုံးတတ်မယ်ဆိုရင် Employee ID ကိုသိရုံနဲ့(ရိုက်ထည့်လိုက်ရုံနဲ့) အခြား Employee Name, Position, Grade, Salary Scale တွေကို လိုအလျှောက် ဖြည့်သွင်းပြီးသား ဖြစ်သွားအောင် လုပ်လို့ရပါတယ်။

ပုံ(၁) အရင်ဆုံး VLOOKUP function တည်ဆောက်ပုံကို လေ့လာပါ။

ပုံ(၂) Employee List ထဲကနေ Staff Payroll စားရင်းထဲကို VLOOKUP သုံးပြီး data လှမ်းယူပုံကို လေ့လာကြည့်ပါ။

1234

Advertisements