SUM function ကို Array ပုံစံဖြင့် တွက်ချက်မှု ပြုလုပ်ခြင်း
=======================================

SUM function ရဲ့ ရိုးရိုးအသုံးပြု ပုံစံကိုတော့ Excel သုံးသူများ နေစဉ်နှင့်အမျှ အသုံးပြုနေရတာမို့ သိရှိပြီး ဖြစ်ကြပါတယ်။

ဒါပေမယ့် SUM ကို Array ပုံစံနဲ့ အသုံးပြုပုံကိုတော့ လူသိနည်းပါသေးတယ်။

သုံးရတာလည်း လွယ်ကူပြီး သုံးတတ်မယ်ဆိုရင် အလွန်အသုံးဝင်တာမို့ Post တစ်ခုအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Function များကို Array ပုံစံဖြင့် သုံးမယ်ဆို သိရမည့် အချက်များ
———————————————————————
(၁) Array များ အချင်းချင်း ပေါင်း၊ နှုတ်၊ မြှောက်၊ စား လုပ်မယ်ဆိုရင် Array တွေဟာ ပါဝင်တဲ့ element အရေအတွက် တူရပါတယ်။

ဥပမာ – ၁ (4,1,6) + (8,2,6) ရှေ့က Array ကလည်း element ၃ခု ပါပြီး နောက်က Array ကလည်း element ၃ ခု ပါပါတယ်။ ဒါကြောင့် ဒီ Array နှစ်ခုဟာ ပေါင်းလို့ ရပါတယ်….။

ဥပမာ – ၂ (5, 2, 4, 1) + (2,6,3) ဒီ Array ၂ခုမှာ တော့ တစ်ခုက element ၄ ခု ပါပြီး နောက်တစ်ခု element ၃ခုပဲ ပါပါတယ်။ ဒါကြောင့် ဒီ Array နှစ် ပေါင်းလို့ မရပါ။

(ဒါကြောင့် SUM ကို Array ပုံစံနဲ့ သုံးမယ်ဆိုရင် select မှတ်တဲ့ cell ကွက် အရေအတွက်ဟာ select တစ်ခုနဲ့တစ်ခု အရေအတွက် တူရပါမယ်)

(၂) ပုံသေနည်း ရေးပြီးတဲ့အခါ Enter ခေါက်ရမှာ မဟုတ်ဘဲ Ctrl + Shift + Enter ခေါက်ရမှာ ဖြစ်ပါတယ်။

Syntax

=SUM((criteria_range1=criteria1)*(criteria_range2= criteria2)*…..*(sum_range) )

(၁) criteria_range1=criteria1 ကန့်သတ်ချက် select ဧရိယာ၁ = ကန့်သတ်ချက် ၁

(၂) criteria_range2 = criteria 2 ကန့်သတ်ချက် select ဧရိယာ၂ = ကန့်သတ်ချက် ၂

(၃) ……criteria_range = criteria လိုအပ်သလို ထပ်ထည့်နိုင်ပါတယ်။

(၄) sum_range ပေါင်းလိုသော select ဧရိယာ

(ဥပမာ ပုံနှင့် file တွင် တွက်ချက်ထားပုံကို ကြည့်လိုက်ရင် ပိုနားလည်မယ် ထင်ပါတယ်)

ပုံ(၁) ပစ္စည်းအရောင်းစာရင်းတွင် Item ပစ္စည်း, Price ဈေနှုန်း, Quantity ရောင်းတဲ့ အရေအတွက်, Amount ငွေ ပမာဏ တို့ပါဝင်ပြီး ညာဘက်တွင် Item ပစ္စည်း တစ်ခုချင်းအလိုက် Quantity ရောင်းရအရေအတွက် စုစုပေါင်း၊ Amount ငွေပမာဏ စုစုပေါင်းတို့ကို SUM function ကို Array ပုံစံဖြင့် တွက်ပြထားခြင်းဖြစ်ပါတယ်။

ပုံ(၂) တွင် ရောင်းတဲ့လပါထည့်ထားပြီး Result တွင်လည်း လအလိုက် total ကို criteria_range ၂ ခု ထည့်သွင်း တွက်ချက်တဲ့ ပုံစံကို ပြသထားပါတယ်၊ (criteria_range ကို ဒီထက်ပို၍ အများကြီး ထည့်သွင်း တွက်ချက်လို့ ရပါတယ်။)

***လက်တွေ့ လေ့လာ လေ့ကျင့်ချင်သူများ excel file ကို အောက်ပါ link တွင် download လုပ်နိုင်ပါတယ်
https://drive.google.com/open…

12

Advertisements