(Nested IF lesson 1)

(IF function အတွင်း အခြားIF function များ ဆင့်ကဲ ထည့်သွင်း တွက်ချက်ခြင်း)

Syntax

IF(logical_test, [value_if_true], [value_if_false])

Logical_test နေရာတွင် ထည့်သွင်း အသုံးပြုနိုင်သော Operators များ
—————————————————————————-
= Equal to
<> Not Equal to
> Greater than
>= Greater than or Equal to
< Less than
<= Less than or Equal to

IF function အခြေခံ ရှင်းလင်းချက် လေ့လာချင်သူများ အောက်ပါ link တွင် ဖတ်ပါ
IF function

ပုံ ကိုကြည့်ပါ။

B2 မှာ ရှိတဲ့ ဂဏန်းဟာ ကျောင်းသား Tun Tun စာမေးပွဲ ရမှတ် ဖြစ်ပါတယ်။

B2 မှာ ရှိတဲ့ ရမှတ်ဟာ 40 နှင့်အထက် ရှိတယ်ဆိုရင် C2 မှာ Pass ဆိုတဲ့
အဖြေထွက်ချင်ပြီး

B2 မှာ ရှိတဲ့ ရမှတ်ဟာ 40 နှင့်အထက် မရှိဘူးဆိုရင် C2 မှာ Fail လို့ အဖြေထွက်ချင်တယ် ဆိုပါစို့။

ဒါကို Logical ပုံစံနဲ့ ရေးမယ်ဆို ဒီလိုရေးလို့ ရပါတယ်။

B2 >= 40 —>Pass
B2 Not >= 40 —> Fail

ဒီလို Pass ဒါမှမဟုတ် Fail အဖြေနှစ်ခုအနက် တစ်ခု ထွက်ချင်တာ ဆိုရင်တော့ IF function တစ်ခုတည်းနဲ့ ရပါတယ်။ အောက်ပါ ပုံစံအတိုင်း တွက်ရင် အဖြေထွက်ပါတယ်။

=IF(B2>=40, “Pass”, “Fail”)

ဒါပေမယ် အောက်ပါ logic အတိုင်း D, Pass or Fail ဆိုပြီး အဖြေသုံးမျိုး အနက် တစ်မျိုးထွက်ချင်ရင်တော့ IF တစ်ခုတည်းနဲ့ မရတော့ပါဘူး။

B2 >=75 —> D
B2 >= 40 —> Pass
B2 Not >= 40 —> Fail

IF ထဲကို နောက်ထပ် IF တစ်လုံး ထပ်ထည့် တွက်ရမှာ ဖြစ်ပါတယ်။
အောက်ပါ ပုံစံအတိုင်း C2 မှာ တွက်ကြည့်ပါ။

= IF(B2>=75, “D”, IF(B2>=40, “Pass”, “Fail”))

ပုံတွင်လည်း ကြည့်ရှုနိုင်ပါတယ်။

1

Advertisements