(IF, AND နဲ့ ISBLANK ကို နေ့စဉ်တွက်ချက်မှုတွေမှာ အကျိုးရှိစွာ အသုံးချခြင်း)

ပုံ(၁) Amount column တွင် တွက်ထားတဲ့ ပုံစံသည် ကျနော်တို့ တွက်နေကျ ပုံစံ ဖြစ်သည်။ Amount ကို ရဖို့ Price နဲ့ Quantity ကို မြှောက်ထားခြင်း ဖြစ်သည်။ D2 တွင် =B2 * C2 လို့ ရိုက်ထည့်ပြီး အောက်ကို ဆွဲချပြီး ပုံသေနည်းကို copy ကူးထားခြင်းဖြစ်သည်။

အဲသလို copy ကူး ဆွဲချထားမှာသာ Price နဲ့ Quantity အကွက်တွေမှာ ဆိုင်ရာ ဂဏန်းတွေ ရိုက်ထည့်လိုက်ရင် Amount အကွက်မှာ အဖြေ အလိုအလျောက် ထွက်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ် Price နဲ့ Quantity အကွက်တွေမှာ ဂဏန်းရိုက်မထည့်သေးခင်မှာတော့ Amount အကွက်တွေမှာ 0 တွေ ပေါ်နေမှာ ဖြစ်ပါတယ်။

အခု ကျနော်တို့ လုပ်မှာက Quantity အကွက်မှာ ဂဏန်းရိုက်မထည့်ရသေးရင် Amount အကွက်မှာ ဘာမှ မဖော်ပြဘဲ Quantity အကွက်မှာ ဂဏန်း ရိုက်ထည့်လိုက်မှ တွက်ချက်မှု လုပ်ပြီး Amount အကွက်မှာ အဖြေဖော်ပြအောင် လုပ်မှာ ဖြစ်ပါတယ်…။

ပုံ(၁) မှာ ပြထားပါတယ်။
D12 မှာ =IF(ISBLANK(C12), “”,B12*C12) လို့ ရိုက်ထည့်ပါ။

ပုံ(၂) မှာတော့ Price ဒါမှမဟုတ် Quantity အကွက် မှာ ဂဏန်းရိုက်မထည့်ရသေးဘူးဆိုရင် Amount အကွက်မှာ အဖြေမထွက်သေးဘဲ။ နှစ်ကွက်လုံးမှာ ဂဏန်းရိုက်ထည့်မှသာ အဖြေထွက်အောင် IF, AND, ISBLANK တို့ကို ပေါင်းစပ် အသုံးပြု ပြထားပါတယ်။

12

Advertisements