Excel ရဲ့ IF function ကို ပိုမိုနားလည်စေရန် နောက်ထပ် Lesson တစ်ခု တင်ပေးလိုက်ပါတယ်။

Syntx

 IF(logical_test, [value_if_true], [value_if_false])
  • IF(logical_test, [value_if_true], [value_if_false])
  • [value_if_true] သတ်မှတ်ချက်မှန်လျှင် အဖြေ
  • [value_if_false] သတ်မှတ်ချက် မှားလျှင် အဖြေ

1

အပေါ်ကပုံတွင်ကြည့်ပါ။ Car အမည်တွေနဲ့ ဈေးနှုန်းစာရင်း ဖြစ်ပါတယ်။ Basic Price ပုံမှန်ရောင်းဈေး ဖြစ်ပြီး၊ Maximum ကတော့ တခါတရံ ဖြစ်သွားတတ်တဲ့ အများဆုံးဈေး ဖြစ်ပါတယ်။ Difference Price မှာ လိုချင်တဲ့ အဖြေက Basic Price နဲ့ Maximum Price ဟာ ညီနေမယ်ဆိုရင် Same ဆိုတဲ့ အဖြေဖော်ပြချင်ပြီး၊ မညီဘူးဆိုရင်တော့ Maximum Price ဟာ Basic Price ထက် ဘယ်လောက်များနေသလဲ ဆိုတဲ့ ခြားနားချက်ကို ဖော်ပြချင်ပါတယ်။ I2 မှာ cursor ချပါ။ ပြီးရင် အောက်ပါ ပုံသေနည်းနဲ့ တွက်ကြည့်ပါ။

Formula

=IF(G2=H2,”Same”,H2-G2)

2

Advertisements