(Cell ကွက်အတွင်းရှိ data များကို  ပြင်လို့၊ ဖျက်လို့၊ select မှတ်လို့မရအောင် ပြုလုပ်ခြင်း)

ကျနော်တို့ စာရင်းဇယားတွေနဲ့ အလုပ်လုပ်တဲ့အခါ အရေးကြီးတဲ့ data တွေရှိတဲ့ cell ကွက်တွေကို အခြားသူတွေ ပြင်လို့၊ ဖျက်လို့မရအောင် လုပ်ထားဖို့လိုအပ်တဲ့အခါလေးတွေ ရှိပါတယ်။ အဲသလို လိုအပ်တဲ့အခါ လုပ်တတ်အောင် လုပ်နည်းလေးကို ဒီ lesson မှာ ပြောပြချင်ပါတယ်။

1) ပုံ – ၁ မှာ ပြထားတဲ့အတိုင်းလေး data အချို့ ရိုက်ထည့်ပါ။

2) keyboard ကနေ Ctrl +A နှိပ်ပြီး sheet တစ်ခုလုံးကို select မှတ်ပါ။
Keyboard မှ Ctrl + 1 ကို နှိပ်ပါ။ Format Cell Dialog box ပေါ်လာပါမယ်။ Protection tab ကို သွားပါ။ locked ရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပါ။ပြီးရင် Ok ကို နှိပ်ပါ။ ပုံ – ၂

3) E4 ကနေ E6 အထိ select မှတ်ပါ။ ပြီးရင် keyboard ကနေ Ctrl+1 ကို နှိပ်ပါ။ Format Cell Dialog box ပေါ်လာပါမယ်။ Protection tab ကို သွားပါ။ locked ကို အမှန်ခြစ်ပါ။ Ok ကို နှိပ်ပါ။ ပုံ – ၃

4) Review ribbon >> Protect sheet ကို နှိပ်ပါ။ ပုံ-၎

5) ပေါ်လာတဲ့ Protect sheet dialog box မှာ Select locked cell ကို အမှန်ခြစ်ဖြုတ်ပါ။
password ပေးချင်တယ်ဆိုလည်း Password to unprotect sheet မှာ ကို ပေးချင်တဲ့ password ပေးပါ။ Ok ကို နှိပ်ပါ။ ပုံ – ၅

အခုဆိုရင် ကျနော်တို့ အခြားသူ မပြင်စေချင်၊ မဖျက်စေချင်တဲ့ E4 ကနေ E6 အထိကို lock ချပြီးသွားပါပြီ။

Thanks
Zin Min Tun
Database Specialist
United Nations Human Settlements Programme (UN-Habitat)
Email: zinmin232@gmail.com
Ph: 09449002505

 

This slideshow requires JavaScript.

Advertisements